ဘာသာတွေခြား အတားစည်းခြားက
ဆုံတွေ့ရလို့ ချစ်ခဲ့မိတဲ့
တို့နှစ်ယောက်ရဲ့ အဖြစ်.......
တရက်မမြင် ရင်မှာပူမီး
ငရဲမီးပမာ ထင်မိခဲ့ကြ.........
ရက်ကိုလပြောင်း လကိုနှစ်ပြောင်း
အချိန်နှောင်းသော် ကံကြမ္မာရေစက်
ကုန်လေသည့် ထိုမနက်က
အမုန်းမဘက် အပြုံးတဘက်နဲ့
နှုတ်ဆက်ခဲ့ကြ ရင်မှာဖိစီး
သောကမီးကို ရင်တွင်းမှာထား
တိုးတိုးစကား ဆိုလိုက်ကြတယ်...................?