လာလည်သူအပေါင်း ပျော်ရွှင်ပါစေ အားလုံးကို ကြိုဆိုပါတယ်...

သစ္စာတရား.........့

ခွဲခွါခြင်းတဒင်္ဂမှာ ဖြစ်ပေါ်ခဲ့တဲ့


ဝေဒနာတစွန်းတစကို

မြင်အောင်ပြချင်ပေမဲ့


မပြရက်ခဲ့တဲ့ ငါ့အဖြစ်ကို


မင်းနားလည်ပေးပါချစ်သူ.............


ပါးပြင်ထက်က မျက်ရည်တစက်


မကျခဲ့ပေမဲ့ နှလုံးသားထဲက


သွေးစက်မျက်ရည် 

အစက်ပေါင်းများစွာ


စီးဆင်းခဲ့တယ် ချစ်သူ............


ဘ၀ကံမတူ ဖြစ်ခဲ့ပေမဲ့


သံယောဇဉ်အစစ် ရင်မှာရစ်လို့


ချစ်ခဲ့မိတဲ့ အချိန်တွင်းက


ဂတိစကား ထားခဲ့ဘူးတဲ့


သစ္စာတရားမှန်ခဲ့ပါမူ   ပစ္စုပ္ပန်ကာလ


ဒီဘ၀မှာ ပြန်ဆုံပါရစေ…